လေလွှင်ငှက် ရဲ့ အိမ်လေးသို့ လာရောက်လည်ပတ်သောကြောင့် ၀မ်းသာပါတယ်ဗျာ !!! .....................

ကဗျာ





                                       
                                                              


ကိုယ်မျှော်လင့်သောမနက်ဖြန်








ရှင်သန်ခြင်းတွေ
ပေါက်ဖွားတဲ့နေ့ ကစ
အကြင်နာ၊နွေးထွေးမှုတွေနဲ့ 


ငါ့ရင်ထဲမှာ မင်းအတွက်
အသိုက်အမြုံလေးတစ်ခု
တည်ဆောက်ထားလိုက်တယ်လေ ။
ရေရာမှုတွေမရှိသေးတဲ့
ငါ့ဘ၀ထဲမှာ မနက်ဖြန်ဆိုတဲ့
အင်အားတွေအတွက်



ရေကုန်ရေခမ်း

လှော်ခက်နေရဦးမှာပဲ....။
ဒို့နှစ်ယောက်ရဲ့
အနာဂတ်တွေကို
တောက်ပတဲ့ အနာဂတ်အဖြစ်နဲ့
မျှော်လင့်နေခဲ့ပေမဲ့


အတိတ်တွေချည်းပဲ
ပြန်ပြန်ရောက်နေခဲ့တယ်ဟာ ။
ဘယ်လိုပဲဖြစ်နေဖြစ်နေ
ငါ့ရဲ့ရှင်သန်မှုနဲ့ ရပ်တည်မှုဟာ
မင်း ဖြစ်နေခဲ့တယ် ။

လျှောက်လှမ်းနေတဲ့

ပြက္ခဒိန်တိုင်းမှာ


အပြင်းစားအက်စစ်တွေကို
ရှူရှိုက်နေရတာ
မင်းသိကောင်းပါရဲ့ကွာ ။
လေပြေ၊လေညင်းလေးတွေနဲ့ 
လျှောက်လမ်းရမဲ့မနက်ဖြန်ကို
ငါမျှော်လင့်နေချင်သေးတယ် ချစ်သူ ။



                                                                                                                                                                       လေလွှင့်ငှက်      




သေဆုံးသွားတဲ့ အိမ်မက်


မင်းရဲ့ hi.....ဆိုတဲ့စကားလေးနဲ့ 
ငါ့ဘ၀ကိုချည်နှောင်လိုက်တာ
ရူးသွပ်တဲ့ထိဆွဲဆောင်


နိုင်လိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး....။

မင်းရဲ့လှပတဲ့နှုတ်ခမ်းတစ်စုံအော
က်မှာ
ကျားတစ်ကောင်ဒူးထောက်နေလိမ်မယ်
လို့ လဲ
ဘယ်တုန်းကမှမထင်ခဲ့ဘူး.........
.။

ပထမဆုံးပေါက်ဖွားလာခဲ့တဲ့ အာဒံနဲ့ဧ၀က
ငါ့ကိုပြုစားလိုက်လေသလား
ငါ့ရင်ထဲမှာ တဖွားဖွားနဲ့ 
ပေါက်ဖွားလာခဲ့တာ ဟို့....
ရှေ့ရှေ့တုန်းကလိုပဲချစ်ခဲ့တယ်
ချစ်နေခဲ့တယ် ။

နုနယ်သေးတဲ့ ဟောဒီလူကြမ်းကြီးရဲ့ နှလုံးသားဟာ
ပထမဆုံးရင်ခုန်သံ နဲ့အတူ
ပျော်မွှေ့ နေခဲ့မိတယ်...။

သို့ သော် တဖြေးဖြေးနဲ့ 
မင်းရဲ့လှပတဲ့အပြုံးဟာ
လှည့်စားတတ်လာလိမ့်မယ်လို့ 
မထင်မှတ်ခဲ့ဘူး....။




မင်းရဲ့ချစ်တယ်ဆိုတဲ့ 
မာယာ ကြော့ကွင်းရဲ့အလယ်မှာ

ငါနှစ်မြုပ်နေခဲ့တယ်....။


လေလိုင်းကနေကြားလိုက်ရတဲ့ မင်းရဲ့အသံက
ငါ့အတွက် ချိုမြိန်နေခဲ့တယ် ၊ ယုံကြည်နေခဲ့တယ်
တစ်ကယ်တော့
အဆိပ်ငွေ့ တွေကို
မင်းကထုပ်လွင့်နေခဲ့တာ
အဲ့ဒါကိုပဲရူးရူးမိုက်မိုက်နဲ့ ပဲငါ
ရှူရှိုက်နေခဲ့သေးတယ်......။


မိုးသံတွေနဲ့ အတူ မ၀ါးတ၀ါးနဲ့ 
မင်းပြောခဲ့တဲ့ ချစ်တယ်ဆိုတဲ့
စကားလုံးတွေဟာ ငါ့နားထဲမှာအခုထိ
တစ္ဆေ တစ်ကောင်ခြောက်လှန့်နေသလို
ကြားယောင်မိနေတယ် ဆိုတာမင်းသိလား....။

အကြောင်းပြချက်တစ်စုံ တရာမရှိပဲ


အဆက်သွယ်ဖြတ်သွားတဲ့
မင်းကို ငါဘယ်လိုနားလည်ရမှာလဲ....။

မင်းကိုတော့ အပြစ်မတင်တော့ပါဘူးလေ
မပြည့်စုံသေးတဲ့ ကိုယ့်ရဲ့အားနည်းချက်ကြောင့်
ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်နေမိပါတယ် ။

အခုတော့ အခုတော့


မင်းရဲ့ချိုမြိန်ခဲ့တဲ့ အသံ(အဆိပ်)တွေကြောင့်
ငါ့အသည်းတစ်ခြမ်း ကြွမ်းခဲ့ရပြီပေါ့....။

လူကြမ်းကြီး တစ်ယောက်
မင်းရဲ့ အသံလေးတွေ
ကြားယောင်နေမယ်
လွမ်းနေမယ်ဆိုတာ
မင်းလေးတစ်ယောက်
သိနိုင်ပါ့မလား...

..........................
..............................
.................။

လေလွှင့်ငှက်

၂၉-၀၁-၂၀၁၁





ငွေတံငါနှင့် " ဖက်ရှင်ကျွန်း"




"ဘ၀" ကျန်းမာရေးအတွက် လိုအပ်တဲ့ဆေးက
ငွေဆိုတဲ့ သတ္တ၀ါမှန်းငါသိလိုက်တော့ ....
ငါ့ရဲ့ ပိုင်ဆိုင်မှု တစ်ချို့ ဟာ
လှေတစ်ဆင်း အဖြစ်သို့ဘ၀ပြောင်းခဲ့တယ်...
မျှော်လင့်ချက်များစွာနဲ့ လှေပေါ်တက်
ပင်လယ်ပြင်ဆီ ထွက်ခဲ့တာပေါ့....
ရှာခဲ့တယ်.........
ဖွေခဲ့တယ်...............
မပွေခဲ့ပါဘူး....................
ရုန်းကန်နေတုန်းမှာပဲ
ဝုန်းခနဲ ၀င်ရောက်တိုက်ခတ်ခဲ့တဲ့
ကံကြမ္မာလှိုင်းလုံး က
စာနာခြင်း ကင်းမဲ့စွာနဲ့ ......
တလိမ့်လိမ့်နဲ့ ပြောက်ဆုံး
ငါ့လှေငယ် ငါ့ကိုစွန့်ခွာသွားခဲ့......
သြော်.....
ငါလို တံငါ ဒီပင်လယ်မှာ
မြောက်များစွာရှိနေဆဲမို့
အားမန်ကိုတင်း
ကျွန်းတစ်နေရာမှာခိုနားဖို့ 
နေ့ မစေ့ လမစေ့
မျှော်လင့်ချက်လေး မွေးဖွားခဲ့တာပေါ့....
အနာဂါတ်အတွက် မျှော်ကိုးပြီး
ကြိုးစားနေတုန်းမှာဘဲ
ကြမ္မာဆိုးက လန့် လန့် နိုးတော့
ဝါသနာဆိုးကဖောက်ပြန်လာတယ်.....


ညမရှိတဲ့ အရသာနဲ့
တားမြစ်ထားတဲ့ အရာက
ဖြောက်မရတဲ့ "ဇ" ကို
လက်ခမောင်းလာလာခတ်တော့
သက္ကရာဇ်ပေါင်းများစွာ ခွဲခွာနေရတဲ့ ချစ်သူလိုမျိုး
အချိန်တိုင်း နမ်းရှိုက်ချင်တော့တာပေါ့ .....
ရောက်နေတဲ့ကျွန်းရဲ့ ဖက်ရှင်အလှက
ငါ့ကိုမြှူဆွယ်တယ်
မလှပတဲ့ ဘ၀ကို ဖြတ်ကျော်ရတာထက်
လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေက
တိမ်လွှာမျဉ်းကွေးလေတွေကြားမှာ....
ဒီလိုနဲ့ 
မုဆိုးနားနည်းတော့လည်း
ငါမုဆိုးကြီးလုံးလုံးဖြစ်နေခဲ့ပြီလား
မဟုတ်သေးဘူး မဟုတ်သေးဘူး
ငါ့လက်မောင်းသွေးပြန်ဖောက်ကြည့်တော့
ငါ့ရောင်နီက ငါပဲဖြစ်နေပြန်ရော....
ငါ့သွေးကငါ့ကို စကားပြန်ပြောနေတယ်
အဲ့ဒါငါ့ရဲ့ သွေးအစစ်ပဲ
ငါ့သွေးကိုငါပြန်ရှာတွေ့ ပြီ
ငါ့သွေးလို.......
.........................
တံငါသည် တံငါ
မုတ်ဆိုးသည် မုတ်ဆိုး
ငါသည်လဲ ငါပင်ဖြစ်သည် ။

                                                                                                                                        လေလွှင့်ငှက်
၁၁ - ၀၁ - ၂၀၁၁


" ငါ နဲ့ခြားနားတဲ့ ငါ "




ငြိမ်းချမ်းတဲ့ ကမ္ဘာလေးမှာ...
နားလည်မှုများနဲ့ပေါ့...
လှပတဲ့နေ့ရက်တွေကို
တူနှစ်ကိုယ် ကျော်ဖြတ်ခဲ့ကြတယ်.

ငါ့ရင်ဘတ်မှာ တိုးကပ်ထားတဲ့
သူ့မျက်နှာလေးဟာ...
မာယာတွေကင်းစင်တယ်..

သိမ်မွှေ့ယဉ်ကျေးတဲ့
သူ့စကားသံလေးတွေမှာ
မုသားမပါ ဟန်ဆောင်ခြင်းမရှိ
ဖြူစင်ခြင်း အတိနဲ့ပေါ့...

အားအင်တွေပေးတဲ့
သူ့အပြုံးလှလှလေးမှာ
ငါယုံကြည်စွာနဲ့....
ငါရင်ခုံခွင့် ရခဲ့တယ်..

တစ်သက်လုံးအတွက်
မြင့်မြတ်တဲ့နှလုံးသားနဲ့
တစ်ဘ၀လုံးအပ်ကာ
သူငါ့ကို တကယ်ချစ်ရှာတယ်..

ငါလည်း သူ့အားတန်ဖိုးထားကာ
စက္ကန့်တိုင်းပဲ နက်နက်ရှိုင်းရှိုင်း
အရမ်း ချစ်မိခဲ့တာပေါ့..

သစ္စာတရားက
ကိုယ်စီရင်ထဲ
ရှိနေမြဲမို့
ဒီလိုဖြတ်သန်း
အချစ်ခရီးလမ်းက
သာယာလှပခဲ့တယ်.

မနက်ဖြန်များစွာ အတွက်
အချစ်စစ်နဲ့ ထုဆစ်တဲ့
ယုံကြည်ချက်တွေ
ရှိနေတယ် ...ရှိနေတယ်

ဒက်...ဒက်...ဒက်...ဒက်
ဟာ.....ဒါနာရီစက်သံ
သြော်..အိပ်မက်..အိပ်မက်..အိပ်မက်

"တွေ့ပြီ...တွေ့ပြီ...
"ငါ လိုချင်တဲ့ ဘဝ
"ငါ့ အိပ်မက်ထဲမှာ.
"ငါ ရခဲ့တယ်......

မဟုတ်သေးဘူး...
မဟုတ်သေးဘူး..
"ငါ့ အိပ်မက်ထဲက ငါဟာ
"ငါ မှ မဟုတ်တာ....

"ငါ နဲ့ အိပ်မက်ထဲက"ငါ ဟာ
"ငါ လိုချင်တဲ့ ဘ၀ကို
"ငါ ဟာ ငါ ဖြစ်မှ "ငါရမယ်

" ကဲ ဘယ်လိုလုပ်မလဲ ??
ဘယ်သူနဲ့လဲ ....?
"ငါ ရှာဖွေနေဆဲ ပါပဲကွယ်..



" လေလွှင့်ငှက် "


၇ - ၀၁ - ၂၀၁၁





♥♥♥ ကွက်လပ် ♥♥♥







လွတ်လပ်ခြင်း များကိုစားသုံး

အဖော်မဲ့ နေ့ရက်အားလုံးကို
အလှပဆုံးအချစ်တစ်ခုနဲ့
အထီးကျန်ခြင်းရဲ့ နိဂုံးကို
အဆုံးသတ်ချင်မိတယ်....


ဗလာကျဉ်းတဲ့ ငါ့ရင်တစ်ခုလုံးက
အလိုအပ်ဆုံးနဲ့ အတမ်းတဆုံးက
အရာအားလုံးကိုကျော်ဖြတ်နိုင်မဲ့
နားလည်မှုနဲ့တည်ဆောက်တဲ့
အစစ်မှန်ဆုံးအချစ်စစ်တစ်ခု။



ဖြစ်ချင်တာတွေ မဖြစ်တတ်တဲ့
ဒီလောကကြီးရဲ့ လှည့်ကွက်ထဲက
အလိုချင်ဆုံး မနက်ဖြန်တွေကို
ဖန်ဆင်းပေးနိုင်မဲ့........
တစ်ယောက်အတွက်...
မျှော်
လင့်
ချက်
များ
စွာ
တည်
ဆောက်
ထား
တယ်။




လေလွှင့်ငှက်

၂၅..၀၄..၁၁












ြ ဖ စ်ပျ က်


ဟူး...နေထွက်တဲ့ အရပ်ဖက်
မျက်နှာ လှည့်ရပ်ကြည့်လိုက်တော့
အရှေ့ -အနောက် -တောင် - မြောက်
လှောင်ပြုံးနေတဲ့ ကမ္ဘာကြီး

ဟူး.....လေပြေနုနုမှာ...
အသက်ရှူကြည့်မိတော့လည်း
အောင်စီဂျင်တစ်ဝက်ယမ်းနံ့တစ်ဝက်
ငြိမ်းချမ်းခြင်းမရှိလို့လား....
ကမ္ဘာမြေရဲ့ငိုသံသဲ့သဲ့ကြားမိတယ်

ဟူး...သတင်းစာတစ်ရွက်
ရုပ်တရက် ဖတ်ကြည့်မိတယ်
သြော်..ဆူနာမီရဲ့ လက်ချက်နဲ့
လူပေါင်းများစွာရဲ့အသက်
လွယ်လွယ်နဲ့ဆုံးရှုံးခဲ့ကုန်ပြီ။

ဟူး....တိုးတက်တယ်ဆိုတဲ့
နည်းပညာအသိများက
သဘာဝရဲ့အလှတရားကို
တဖြေးဖြေးနဲ့ ပျက်စီးစေသလား
ပျက်စီးအောင် လုပ်နေကြတာလား

ဟူး...အသက်ရှင်ဖို့အတွက်
ဝမ်းရေးဖြေရှင်းချက်တွေက
လောဘ။မောဟ တွေပြည့်နှက်
အမှန်တရားတွေပျောက်ဆုံး
လိမ်ညာကျင့်ထုံး ကျင့်သုံးကြကုန်ပြီ

ဟူး...ပြိုင်ဆိုင်ခြင်းရဲ့ တစ်ဖက်မှာ
ရခဲတယ်ဆိုတဲ့လူ့ဘ၀...
လူပေါင်းများစွာရဲ့ အသက်...
အဓိပါယ် မဲ့စွာနဲ့
အကျိုးမဲ့ ပေးဆပ်နေကြရတုန်းပဲ။


လေလွှင့်ငှက်

၂၆-၀၄-၂၀၁၁